မင်္ဂလာပါ

Myanmar Mobile Helper Groupသို့ လာရောက်လည်ပတ်ကြသော သူငယ်ချင်းတို့ကို နွေးထွေးစွာ ကြိုဆိုပါသည်......

Tuesday, January 28, 2014

Facebook မှာ Auto Reply ထားနည်း

Facebook သုံးတဲ့ သူငယ်ချင်းတွေအတွက်
ကိုယ်ကိုယ်တိုင် ကိုယ့်အကောင့်ကို ၀င်မသုံး
နေပေမယ့် ကိုယ့်ကို အမြဲတမ်း Online အဖြစ်
မြင်တွေ့နေစေပြီး ( ဆန္ဒရှိရင် Offline , Busy,
Away စသည့်ဖြင့်လည်း ထားနိုင်ပါတယ်)
Chat Box မှာ တစ်ယောက်ယောက်က message
ပို့လာတဲ့အခါ Auto Reply ပြန်အောင် လုပ်ထားနိုင်တဲ့
နည်းပညာလေးတစ်ခုပါ ...
ဒီနည်းလေးကို ကျွန်တော့်ရဲ့ အိုင်တီ မုဆိုး အကောင့်မှာ ၅ လကျော်လောက် စမ်းသပ်ပြီး နောက်ဆက်တွဲ Error မရှိတာသေချာမှ တင်ပေးလိုက်တာပါ ..

Android ဖုန်း Internal Memory 2G နဲ့အထက်ရှိရပါမယ်
(ဒါပေမယ့် Huawei U9200 မှာ ကောင်းကောင်းကြီး အလုပ်လုပ်တာကိုလည်း တွေ့ရပါတယ်)
တကယ်လို့ Auto Reply အတွက် Support မလုပ်နိုင်တဲ့ ဖုန်းအနိမ့်တွေမှာတောင်
Ever Online ဖြစ်အောင်တော့ လုပ်ပေးနိုင်တာကို တွေ့ရပါတယ် ..
မော်ဒယ် တော်တော်နိမ့်တဲ့ ဖုန်းတွေမှာတော့ Run လို့ကို မရပါဘူး ...

ကဲ .. စမ်းသပ်ချင်တယ်ဆိုရင် စ လိုက်ကြစို့

အရင်ဆုံး ဒီဆော့ဝဲ ကို အရင်ဒေါင်းယူပါ ..

ပြီးရင် ဖုန်းထဲမှာ Install လုပ်လိုက်ပါ ..

ပြီးရင် အင်တာနက်ချိတ်ဆက်ပြီး ဆော့ဝဲကို Run လိုက်ပါ ( လိုင်းနည်းနည်းကောင်းတဲ့အချိန်မှာ လုပ်ပါ)
အောက်ကပုံအတိုင်း ပွင့်လာပါမယ်




Log in ကို နှိပ်ပေးလိုက်ပါ .. Loading ခဏလောက်လုပ်ပြီးရင် အောက်ကပုံအတိုင်း ပွင့်လာပါမယ်




ကိုယ့် Facebook အကောင့်ရဲ့ email နဲ့ Password ကို ထည့်ပြီး Log in ကို နှိပ်ပေးလိုက်ပါ
အောက်ကပုံအတိုင်း ပွင့်လာပါမယ် ..




OK ကို နှိပ်ပေးလိုက်ပါ ... တစ်ခါတစ်ခါ တခြား အဆင့်တွေဝင်လာတတ်ပါတယ် ..
အဲဒါဆိုရင်လည်း Agree, Allow , OK စတာတွေကို နှိပ်ပေးလိုက်ပါ
အောက်ကအဆင့်အတိုင်း ပွင့်လာပါမယ် ..



ဒီအဆင့်ရောက်ပြီဆိုရင် .. ဖုန်းရဲ့ Menu ကီးကို နှိပ်လိုက်ပါ ..





ပွင့်လာတဲ့ထဲက Setting ကို နှိပ်ပါ ..
အောက်ကပုံအတိုင်း ပွင့်လာပါမယ် ...



အဲဒီထဲက Push Settings ကို နှိပ်ပေးလိုက်ပါ ..
အောက်ကပုံအတိုင်း ပွင့်လာပါမယ် ..



Auto Reply မှာ အမှန်ခြစ်လေးတပ်ပေးပြီး Message အကွက်ကို နှိပ်လိုက်ရင်
Auto Reply စာသားတွေကို ပြန်ပြင်လို့ရပါပြီ ..

ဒါဆိုရင်တော့ သူငယ်ချင်းတို့ရဲ့ Chat Box ကို တစ်ယောက်ယောက်က Message ပို့ခဲ့တာနဲ့ ..
သူငယ်ချင်းတို့ရဲ့ Auto Reply Message ဟာ အဲဒီသူငယ်ချင်းရဲ့ Chat Box ထဲကို ချက်ချင်း
ပြန်ပို့ပေးပါလိမ့်မယ် ...

ကဲ .. အဆင်ပြေကြပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်က သူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်

အိုင်တီမုဆိုး

No comments:

Post a Comment

အဆင်မပြေတာလေးတွေရှိခဲ့ရင် ပြောခဲ့နိုင်ပါတယ်။
သူငယ်ချင်းတို့ ရဲ့ ဝေဖန်မှု့ ဟာ ကျွန်တော်ပြန်လည်မျှဝေရာမှာ
အားဖြစ်စေပါတယ် ။ ။ ။