မင်္ဂလာပါ

Myanmar Mobile Helper Groupသို့ လာရောက်လည်ပတ်ကြသော သူငယ်ချင်းတို့ကို နွေးထွေးစွာ ကြိုဆိုပါသည်......

Friday, January 24, 2014

Android Application တွေ ဖန်တီးနိုင်တဲ့ ဆော့ဝဲ

ဒီဆော့ဝဲလေးကိုတော့
သူငယ်ချင်းတော်တော်များများ
ကြိုက်နှစ်သက်ကြလိမ့်မယ်လို့
ထင်ပါတယ် ..

ဘာကြောင့်လဲဆိုတော့
ဒီနေ့ခောတ်မှာ လူသုံးများလာတဲ့
Android Application တွေကို
အလွယ်တကူ ဖန်တီးရေးသားနိုင်တဲ့
ဆော့ဝဲလေးဖြစ်နေလို့ပါ

ဆော့ဝဲရဲ့ နံမည်ကတော့ Basic4Android ပါ
B4A လို့ လူသိများပါတယ် ..


ဒီဆော့ဝဲလေးကို သုံးပြီး Android Application တွေကို အလွယ်တကူဖန်တီးရေးသားနိုင်ပါတယ်
ဘယ်လိုတွေ ရေးသားရမယ်ဆိုတာကတော့ ကျွန်တော်ကိုယ်တိုင်လည်း လေ့လာနေဆဲမို့
ပြန်လည်မျှဝေနိုင်တဲ့ အဆင့်မရောက်သေးတာ နားလည်ပေးစေချင်ပါတယ် ..

ကဲ .. ဆော့ဝဲလေးကို လိုချင်တဲ့ သူငယ်ချင်းတွေက ဒီမှာ ဒေါင်းယူနိုင်ပါတယ်

ဒေါင်းပြီးရင် အထဲမှာ ဖိုင်နှစ်ဖိုင်ပါပါတယ် ..
အရင်ဆုံး b4a full.exe ဖိုင်ကို Run ပြီး Install လုပ်ပေးပါ ..
Install လုပ်ပြီးတဲ့ နောက်ဆုံးအဆင့်မှာ အောက်ကပုံအတိုင်း ဖြစ်နေပါမယ် ..




Launch Basic4Android ရှေ့ကအမှန်ခြစ်လေးကို ဖြုတ်ပြီးမှ Finish ကို နှိပ်ပါ
Full Version ဖြစ်အောင် Crack ရဦးမှာမို့ပါ

ပြီးရင် Antivirus တွေကို ခဏပိတ်ထားပါ
b4a gen.exe ဆိုတဲ့ keygen ဖိုင်လေးကို C >> Program files >> Anywhere Software >> Basic4Android ဆိုတဲ့ ဖိုဒါထဲကို အဆင့်ဆင့် ဖွင့်ဝင်ပြီး ကူးထည့်ပေးလိုက်ပါ
ပြီးရင် ကူးထည့်လိုက်တဲ့ b4a gen.exe ဖိုင်ကို Run လိုက်ပါ
အောက်ကပုံအတိုင်း ပွင့်လာပါမယ် ..




email ထည့်ရမယ့် အကွက်ထဲမှာ ထည့်ချင်တဲ့ email ကို ထည့်ပေးလိုက်ပါ ( တကယ်ရှိစရာမလိုပါဘူး)
ပြီးရင် Generate license file ကို နှိပ်ပေးလိုက်ရင် အောက်ကပုံအတိုင်း ပွင့်လာပါမယ် ..






OK ကို နှိပ်ပေးလိုက်ပါ ..

ပြီးရင် Desktop ပေါ်က Basic4Android program ကို ဖွင့်လိုက်ပါ ..
တချို့စက်တွေမှာ email ထည့်ရမယ့် Box လေးတက်လာပါမယ် .. keygen တုန်းကထည့်ခဲ့တဲ့ email ကိုပဲ ပြန်ထည့်ပေးလိုက်ရင် Full Version ဖြစ်သွားပါပြီ
တချို့စက်တွေတော့ ဘာ Box မှ တက်မလာပဲ Full Version ဖြစ်သွားပါတယ် ..
Help ဆိုတဲ့ထဲက About ကိုနှိပ်ကြည့်လိုက်ရင် Registered Version ဆိုတာကို တွေ့ရပါလိမ့်မယ် ..

အဲ .. တစ်ခု ဖြည်စွက်ပြီး ပြောချင်တာက B4A ကို သုံးပြီး Android Application တွေ ဖန်တီးရေးသားမယ်ဆိုရင် SDK ဆိုတာလေးလည်း
စက်ထဲမှာ Install လုပ်ထားမှ အဆင်ပြေပါတယ် ..
အဲဒီ SDK ကို Install မလုပ်ရသေးဘူးဆိုရင်တော့ ဒီနေရာ ကို သွားလိုက်ပါ
အောက်ကပုံအတိုင်း ပွင့်လာပါမယ်



 Java Download ဆိုတဲ့နေရာကို နှိပ်ပါ
အောက်ကပုံအတိုင်း ပွင့်လာပါမယ်



Accept Locense Agreement ရှေ့မှာ အမှတ်ကလေး ထည့်ပေးပြီး အောက်မှာ ကိုယ့်ဝင်းဒီးအမျိုးအစားကို လိုက်ပြီး ဒေါင်းယူ Install လုပ်ရမှာဖြစ်ပါတယ်


ကဲ ... အဆင်ပြေကြပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်က သူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်

အိုင်တီမုဆိုး

No comments:

Post a Comment

အဆင်မပြေတာလေးတွေရှိခဲ့ရင် ပြောခဲ့နိုင်ပါတယ်။
သူငယ်ချင်းတို့ ရဲ့ ဝေဖန်မှု့ ဟာ ကျွန်တော်ပြန်လည်မျှဝေရာမှာ
အားဖြစ်စေပါတယ် ။ ။ ။