လူရှိန်တာပေါ့
ကျွန်တော်တို့ဟာ ၀င်းဒိုးတစ်ခုကို
ဖွင့်လိုက်ပြီဆိုတာနဲ့ Boot တက်လာပြီးရင်
Startup Sound လေး မြည်လာတာကို
သတိထားမိကြမှာပါ
ကြားရဖန်များတော့လည်း ရိုးလာတာပေါ့ဗျာ
ဒီတော့ အဲဒီ Startup Sound လေးကို ကိုယ်နှစ်သက်တဲ့ သီချင်းသံလေးဖြစ်ဖြစ်
တီးလုံးလေးတစ်ခုခုနဲ့ဖြစ်ဖြစ် အစားထိုးချင်စိတ် ပေါ်ဖူးပါသလား
ကျွန်တော်ကတော့ ၀င်းဒိုးကို ကလိနေကျလူဆိုတော့ အဲဒီလို တကယ်ပဲ တွေးဖူးပါတယ်
ဒါနဲ့ Googling လုပ်ရင်း အဲဒီ Startup Sound ကို ကျွန်တော်နှစ်သက်တဲ့ သီချင်းသံလေးနဲ့
အစားထိုးနိုင်ခဲ့ပါတယ် ...
သူငယ်ချင်းတို့တွေလည်း အဲဒီလို စိတ်ကူးရှိလို့ လုပ်ကြည့်ချင်တယ်ဆိုရင် လုပ်ကြည့်နိုင်အောင်
ဒီနည်းလေးကို မျှဝေပေးလိုက်တာပါ
ပထမဆုံး လိုအပ်တဲ့ ဆော့ဝဲကို ဒီမှာ ဒေါင်းပါ
ဒေါင်းပြီးရင် ကိုယ်အစားထိုးမယ့် Sound ကို wav ဖိုင် Format ဖြစ်အောင် ပြောင်းထားပါ
Format Factory လိုဆော့ဝဲမျိုးလေးရှိရင်ပဲ wav format ပြောင်းဖို့ အဆင်ပြေပါတယ်
အဆင်သင့်ဖြစ်ရင်တော့ ဒေါင်းယူထားတဲ့ထဲက .exe ဖိုင်လေးကို Run လိုက်ပါ
အောက်ကပုံအတိုင်း ပွင့်လာပါမယ်
အဲဒီထဲက Replace ကို နှိပ်ပေးလိုက်ပြီး ပွင့်လာတဲ့ Box ကနေတစ်ဆင့် ကိုယ်အစားထိုးချင်တဲ့ သီချင်းဖိုင် (wav ဖိုင်) ကိုရွေးပြီး Open ကိုနှိပ်ပေးလိုက်ပါ
ကိုယ့်ရဲ့ သီချင်းသံလေးဆုံးသွားရင်တော့ Exit ကိုနှိပ်ပေးလိုက်ပါ
ကွန်ပျူတာကို Restart ချလိုက်ပါ
ဝင်းဒိုးပြန်တက်လာတဲ့အခါ သူငယ်ချင်းတို့အစားထိုးလိုက်တဲ့ သီချင်းသံလေးနဲ့အတူ Windows 7 ဟာ လန်းလန်းလေးပွင့်လာပါလိမ့်မယ်
မူလအတိုင်း ပြန်သုံးချင်စိတ်ပေါ်လာခဲ့ရင်လည်း Restore ကို နှိပ်လိုက်ရုံပါပဲ
ဒီဆော့ဝဲက Windows 7 အတွက်ပဲဆိုတာလည်း သတိပေးပါရစေ
ကဲ .. အဆင်ပြေပါစေဗျာ
နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး
No comments:
Post a Comment
အဆင်မပြေတာလေးတွေရှိခဲ့ရင် ပြောခဲ့နိုင်ပါတယ်။
သူငယ်ချင်းတို့ ရဲ့ ဝေဖန်မှု့ ဟာ ကျွန်တော်ပြန်လည်မျှဝေရာမှာ
အားဖြစ်စေပါတယ် ။ ။ ။