Myanmar Mobile User Group မှ Admin ကိုကြပ်ကလေးရေးသားထားတာပါ။
အခု ကျွန်တော် HUAWEI ဖုန်းတွေကို (တခြားဖုန်း အမျိုး အစားများ မသုံးဖူး/မသုံးနိုင်သောကြောင့် ရ မရ မသိပါ) အသုံးပြုနေတဲ့ မန်ဘာများအတွက် အရမ်းအသုံးဝင်မယ့် အားလုံးလိုချင်မယ်လို့ ထင်လောက်တဲ့ Call Block (Black List)လုပ်နည်းလေးကို ပြောပြချင်ပါတယ်။
ဘယ် software, application မှ ထပ်ဒေါင်းစရာ။ ထပ်သွင်းစရာမလိုတဲ့ နည်းလေးပါ။ ကဲ စကားပြောတာ နည်းနည်းတော့ ရှည်သွားပြီဗျာ…..ကျွန်တော်တို့ block ချင်တဲ့ နံပါတ်တခုကို
contact ထဲထည့်မှတ်လိုက်ပါ။မှတ်ပြီးရင် ဘလော့ချင်တဲ့ contact ကိုသွားလိုက်ပါ။
ရောက်ပြီဆိုရင် menu key လိုင်းသုံးလိုင်းပုံလေးကို နှိပ်လိုက်ပါ။
အဲ့လိုနှိပ်လိုက်လို့ ပေါ်လာတဲ့ထဲက All calls to voicemail ဆိုတာလေး ကလစ်ပေးလိုက်တာနဲ့ အဲ့ဖုန်းနံပါတ်က ကိုယ့်ကို ဘယ်လိုခေါ်ခေါ် “လူကြီးမင်းခေါ်သော တယ်လီဖုန်းဟာ မအားသေးပါရှင်” ဆိုတဲ့ အသံချိုချိုလေးကို ကြားရပါမယ် ဆိုတဲ့အကြောင်းကို တင်ပြပေးလိုက်ပါတယ်နော်
ဒီနေရာ လေးကနေပြန်လည်မျှဝေလိုက်ပါတယ် ။။။
ရေးသားသူ >>> ကိုကြပ်ကလေး
No comments:
Post a Comment
အဆင်မပြေတာလေးတွေရှိခဲ့ရင် ပြောခဲ့နိုင်ပါတယ်။
သူငယ်ချင်းတို့ ရဲ့ ဝေဖန်မှု့ ဟာ ကျွန်တော်ပြန်လည်မျှဝေရာမှာ
အားဖြစ်စေပါတယ် ။ ။ ။