တော်တော်လေးကြိုးစားခဲ့ရသလို Confirm ဖြစ်တဲ့အချိန်မှာလည်း
ရေးသင့်မရေးသင့် တော်တော်လေးစဉ်းစားခဲ့ပါတယ် .. ဘာကြောင့်လဲဆိုတော့ဒီနည်းလမ်းဟာ
သေချာပေါက် အောင်မြင်တဲ့နည်းလမ်းတစ်ခုဆိုတာကိုတော့ ကျွန်တော်နမူနာလုပ်ပြထားတဲ့
ပုံတွေကိုက သက်သေခံနေပါလိမ့်မယ် ဒါပေမယ့် ..
ဒီနည်းက ကွန်နက်ရှင် တော်တော်ကောင်းတဲ့ အချိန်မျိုးမှာလုပ်မှ
အဆင်ပြေနိုင်မယ့် နည်းလမ်းတစ်ခုဖြစ်တဲ့အပြင် .. ကျွန်တော်ကိုယ်တိုင် ဒီအကောင့်တစ်ခုကို ဒီနည်းနဲ့ရဖို့ အကြိမ် သုံးဆယ်ကျော် စမ်းသပ်ခဲ့ရပါတယ် ..သဘောတရားအရ
သေချာပေါက်ရနိုင်တဲ့နည်းလမ်းဖြစ်မှန်းသိလျက်နဲ့ .. ဒီထဲမှာ နမူနာပြထားတဲ့ အကောင့်လေးတစ်ခုရဖို့ကို အကြိမ်သုံးဆယ်ကျော် လုပ်ကြည့်ခဲ့ရပါတယ် ..
ဘယ်လိုအခက်အခဲတွေကြုံတာလဲဆိုတာကိုတော့ ဒီနည်းလမ်းကို ရှင်းပြနေဆဲမှာပဲ ပြောသွားပါတယ် ..
ဒါကြောင့် .. ဒီနည်းလမ်းကို စမ်းသပ်လို့ အဆင်မပြေတာတွေရှိခဲ့ရင်လည်း ကိုယ့်ညီလေးတစ်ယောက်ရဲ့ သုတေသနပြုညံ့ဖျင်းမှုပဲလို့ နားလည်ပေးစေလိုပါတယ် ..
ဒီနည်းမှာသုံးမယ် Message အမျိုးအစားကတော့ Voice mail ပါ .. google က ချစ်မမကြီးရဲ့ အသံကို ကြားနိုင်မယ့်နည်းပေါ့ ..
ကဲ .. စကြစို့
ပထမဆုံး Browser ရဲ့ Address Bar မှာ http://voicemail.k7.net/signup/ လို့ ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ .. ( မရရင် .. အဲဒီစာလုံးမှာ ကျွန်တော် လင့်ချိတ်ပေးထားပါတယ် .. အဲဒါကို နှိပ်လိုက်ရင် အဲဒီ Page ကို တိုက်ရိုက်ရောက်သွားပါမယ် )
အဲဒီိကိုရောက်တဲ့အခါ .. အောက်ကပုံအတိုင်း ဖြည့်ရမယ့်နေရာတွေမှာ အဆင်ပြေသလို ဖြည့်ပေးလိုက်ပါ .
security code နေရာမှာတော့ ကြိုက်တဲ့ဂဏန်း လေးလုံး ရိုက်ထည့်ပေးပါ .. (လေးလုံးပဲ ဖြစ်ရပါမယ်)
ကိုယ်ပိုင်နံပါတ်အဖြစ်သုံးချင်လို့ gmail address ကို အမှန်အကန်ဖြည့်မယ့်ဆိုရင် အပေါ်ဆုံးမှာ မှတ်ထားတဲ့ ဒုတိယစာကြောင်းက အမှတ်အစား ပထမစာကြောင်း Send my messages to me email and .. ဆိုတဲ့စာကြောင်းရှေ့မှာ အမှတ်တပ်ပေးရမှာပါ (ကျွန်တော်က ကိုယ်ပိုင် gmail လိပ်စာထည့်ထားတာမဟုတ်လို့ ဒုတိယစာကြောင်း Do not send them to my email ... ဆိုတဲ့စာကြောင်းရှေ့မှာ အမှတ်တပ်လိုက်တာပါ ..
ကျန်တဲ့နေရာတွေကတော့ ပုံမှာပြထားတဲ့အတိုင်းပဲ တပ်ပေးလိုက်ပါ ..ဘာကြောင့်ဆိုတာကိုတော့ သက်ဆိုင်ရာစာကြောင်းတွေကို ဖတ်ကြည့်ရင် သဘောပေါက်မှာပါ ..
သူရေးခိုင်းတဲ့ စာလုံးနှစ်လုံးကို မှန်အောင်ရိုက်ထည့်ပြီး Submit ကိုနှိပ်လိုက်ရင် အောက်ကအတိုင်း ပွင့်သွားပါမယ်............
အဲဒီထဲကကျွန်တော် အနီရောင်နဲ့ မျဉ်းသားပြထားတဲ့နံပါတ်တွေကို Select ပေးပြီး ကော်ပီယူပါ (နောက်ကို ကိုယ့်ရဲ့ ဒီအကောင့်ထဲပြန်ဝင်ချင်ရင် အဲဒီနံပါတ်တွေထဲက Hyphen (မျဉ်းတို) လေးတွေကိုဖြုတ်ပြီး ဂဏန်းချည်းပဲရိုက်ထည့် .. ကိုယ့်ထည့်ထားတဲ့ Security code လေးလုံးကို ရိုက်ထည့်ပြီး Sign In ၀င်ရမှာပါ)
ကဲ .. ကော်ပီကူးလာတဲ့ နံပါတ်တွေကို Notepad လေးဖွင့်ပြီး Paste လုပ် .. ပြီးရင် အဲဒီနံပါတ်တွေကို အောက်မှာပြထားသလို အသွင်ပြောင်းလိုက်ပါ ..
အဲဒါ .. United States က ဖုန်းနံပါတ်တစ်ခု ဖြစ်သွားရော .. အဲဒီ အသွင်ပြောင်းလိုက်တဲ့ နံပါတ်ကို ကော်ပီကူးယူလိုက်ပါ ..
အကောင့်ကို Sign In ၀င်ဖို့ အပေါ်ဆုံးမှာ ရှိတဲ့ My K7 ဆိုတာကိုနှိပ်လိုက်ပါ ..
ပွင့်လာတဲ့ထဲက ဖြည့်ရမယ့်နေရာမှာ အောက်ကပုံအတိုင်း ကိုယ့်ရဲ့နံပါတ်တွေကို Hyphen တွေဖြုတ်ပြီး ဂဏန်းတွေချည်းပဲထည့် Security code နေရာမှာ ကိုယ်ထည့်ခဲ့တဲ့ ဂဏန်းလေးလုံးကို ဖြည့်ပေးပြီး submit ကိုနှိပ်လိုက်ပါ..
လောလောဆည် ကိုယ့်အကောင့်ထဲမှာ ဘာ Mail မှ မရှိသေးလို့ အခုလိုပဲ မြင်ရပါမယ်
Browser မှာ Tab အသစ်ခေါ်ပြီး www.gmail.com ကို အကောင့်ဖွင့်သလိုပဲ သွားပြီး Create a new account ကိုနှိပ်ပါမယ် ..
အကောင့်သစ်အတွက် ဖြည့်ရမယ်နေရာတွေကို အတတ်နိုင်ဆုံး အမှားအယွင်းမရှိအောင် ဖြည့်ပေးပါ ..
mobile phone ထည့်ရမယ့်နေရာမှာ နိုင်ငံကို United States ကိုရွေးပြီး +1 ရဲ့ နောက်မှာ ကော်ပီကူးလာတဲ့ နံပါတ်တွေကို Paste လုပ်လိုက်ပါ .. Location နေရာမှာလည်း United States ကိုရွေးပြီး သူရိုက်ခိုင်းတဲ့ စာလုံးနှစ်လုံးကိုမှန်အောင်ရိုက်ထည့်ပါ .. I agree ...ရဲ့ရှေ့မှာ အမှန်ခြစ်တပ်ပါ .. အားလုံးကို သေချာအောင် ပြန်စစ်ပြီးပြီဆိုရင် Next Step ကိုနှပ်လိုက်ပါ .
(ဒီနေရာမှာ အမှားအယွင်းမရှိအောင်လည်း ဖြည့်နိုင်ခဲ့မယ် .. ကံလေးလည်းကောင်းမယ်ဆိုရင် Verification code တောင်းတဲ့အဆင့်ကို ကျော်လွန်ပြီး အကောင့်သစ်တစ်ခု တစ်ခါတည်း ရသွားပါမယ် )
ရသွားရင်လည်း နောက်ထပ်တစ်ခုထပ်လုပ်ဖို့ ပြင်တာပေါ့ .. မရရင်လည်း အောက်ကအဆင့်ကို ရောက်လာပါမယ် ..
အဲဒီအဆင့်မှာ Voice mail ရဲ့ရှေ့မှာ အမှတ်တပ်ပေးပြီး Continue ကိုနှိပ်လိုက်ရင်ကုဒ်ထည့်ရမယ့် အဆင့်ကိုရောက်ပါမယ်
ဒီအဆင့်မှာ သူ့ကို ခဏထားခဲ့ပြီး K7 အကောင့်ဖက်ကို ပြန်သွားပါမယ် .. အဲဒီမှာ 5 မိနစ်လောက် စောင့်ပေးလိုက်ပါ .. My K7 ကိုနှိပ် .. Sign In ၀င်တဲ့အဆင့်အတိုင်းဖြစ်သွားပြီး ကိုယ့်ရဲ့ နံပါတ်ချည်းပဲ ( Hyphen မပါပဲ ) ရိုက်ထည့် .. Security code လေးလုံးကို ရိုက်ထည့်ပြီး Submit ကိုနှိပ် .. ကိုယ့်မေးထဲမှာ ဘာမှမရောက်သေးရင် .. gmail ကိုပြန်သွားပြီး Try again ကိုပြန်နှိပ် Voice mail မှာ အမှတ်တပ် Continue ကိုနှိပ် K7 ကိုပြန်လာ အရင်အဆင့်တွေအတိုင်းပဲ My K7 ကနေ ကိုယ့်အကောင့်ကိုဝင် (စိတ်ရှည်ရှည်စောင့်ရင် ပထမတစ်ကြိမ်တည်းနဲ့ ကိုယ့် K7 အကောင့်ထဲကို Google ကိုပို့တဲ့ Voice Mail ရောက်ပါတယ် .. )
ကိုယ့်မေးလ်ထဲမှာ google က Voice Mail ရောက်နေပြီဆိုရင်တော့ အောက်ကပုံအတိုင်း တွေ့ရပါလိမ့်မယ် ..
အဲဒီထဲက Voice Mail ရဲ့ Size ကိုကြည့်လိုက်ပါ .. ပျမ်းမျှအားဖြင့် 30KB နဲ့ 45KB အတွင်းမဟုတ်ပဲ အဲဒီထက်နည်းနေမယ်ဆိုရင် ဒေတာအပြည့်အ၀ မရောက်လို့ပါ ..
ဒီနည်းလမ်းရဲ့ အဓိက ပြဿနာက အဲဒါပါ .. ကွန်နက်ရှင်ကြောင့် ဒေတာတွေ အပြည့်မရောက်ပဲ google က ပို့လိုက်တဲ့ နံပါတ်ကို 6 လုံးလုံး အပြည့် မရလိုက်တဲ့အတွက် Verification code ဖြည့်တဲ့နေရာမှာတင် လက်လျှော့လိုက်ရတဲ့အကြိမ်တွေ မနည်းမနော ဖြစ်သွားတာပါ .. ကွန်နက်ရှင်ကောင်းနေရင်တော့ သေချာပေါက် အဆင်ပြေမှာပါ ..
ကဲ .. အဲဒီထဲက Save to Disk ကိုနှိပ်လိုက်ရင် အသံဖိုင်ကို ဒေါင်းယူပြီး သိမ်းဖို့ပါ .. Message ရဲ့အောက်က လင့်ကိုနှိပ်လိုက်ရင်လည်း အသံဖိုင်ကို ဒေါင်းသွားမှာပါ ..
ကဲ .. ရလာတဲ့အသံဖိုင်ကိုဖွင့်ပြီး နားထောင်လိုက်ပါ .. google က ချစ်မမကြီးရဲ့ အသံချိုချိုလေးကို ကြားရပါမယ် .. သာယာမနေပါနဲ့ နံပါတ်တွေကို လိုက်မှတ်ပါ .. အားလုံးပေါင်း 6 လုံးဖြစ်ရပါမယ် .. ဒီနေရာမှာ 6 လုံးမပြည့်ပဲ .. ပြတ်တောက်သွားတယ်ဆိုရင်တော့ ကိုယ့်နိုင်ငံက ကွန်နက်ရှင်ကိုသာ အော်ဆဲပေတော့ဗျို့ .. ( ကျွန်တော်တောင် အကြိမ် သုံးဆယ်ကျော်မှရတာလို့ ပြောပြီးပြီနော် .. )
ကဲ .. ရလာတဲ့ ကုဒ် 6 လုံးကို အောက်မှာပြထားသလို ဖြည့်ပေးလိုက်ပါ ..

ပြီးရင် Continue ကိုနှိပ်လိုက်ပါ ..
အောင်မြင်သွားပါပြီ ..
ကဲ .. အားလုံးပဲ .. အဆင်ပြေကြပါစေဗျာ
ကျွန်တော်လေ့လာခဲ့တဲ့ဆိုက် >>> အိုင်တီမုဆိုး
No comments:
Post a Comment
အဆင်မပြေတာလေးတွေရှိခဲ့ရင် ပြောခဲ့နိုင်ပါတယ်။
သူငယ်ချင်းတို့ ရဲ့ ဝေဖန်မှု့ ဟာ ကျွန်တော်ပြန်လည်မျှဝေရာမှာ
အားဖြစ်စေပါတယ် ။ ။ ။