မင်္ဂလာပါ

Myanmar Mobile Helper Groupသို့ လာရောက်လည်ပတ်ကြသော သူငယ်ချင်းတို့ကို နွေးထွေးစွာ ကြိုဆိုပါသည်......

Sunday, March 17, 2013

ကွန်ပျူတာ shutdown ပိတ်တာ မြန်စေခြင်ရင်


 ပထမနည်းလမ်း

 ကွန်ပျူတာ ဖွင့်တာကြာ၊ ပိတ်တာကြာသည်ကို ကွန်ပျူတာ သုံးစွဲသူတိုင်း လက်ခံနိုင်မည် မဟုတ်ပါ။ ဒါတွေကို ပြုပြင်ဖို့ နည်းလမ်းတွေ ရှိပါတယ်။ အခု ဖော်ပြပေးမှာကတော့ ပိတ်တာ မြန်အောင် လုပ်တဲ့နည်းပါ။ အောက်က အတိုင်း ပြုလုပ်နိုင်ပါတယ်။

၁) Run ထဲမှ regedit ကို ရိုက်ဖွင့်ပါ။
၂) ဘောက် ပေါ်လာလျှင် HEKY_LOCAL_MACHINE ကို ရွေးပါ။
၃) ပြီးလျှင် System မှ Current ControlSet ကို ရွေးပါ။
၎) ထိုမှတဆင့် Control ကို Select မှတ်လိုက်ပါ။ ညာဘက်တွင် WaitToKillServiceTimeout ဆိုတာ ရှိပါတယ်။ Double Click နှိပ်ပြီး ပေါ်လာပါက 2000 ကို 200 ပြင်လိုက်ပါ။ အတိုင်းအတာတစ်ခုထိ စက်ပိတ်ရာတွင် မြန်ပါလိမ့်မည်။


 
Computer Shutdown ပိတ်ရာတွင် ပိုမို မြန်ဆန်စေရန် အတွက် နည်းလမ်းတစ်ခုကို ဖော်ပြပြီး ဖြစ်ပါတယ်။ အခုတဖန် နည်းလမ်း(၂)ကို ဖော်ပြပေးလိုက်ပါတယ်။ အဆင်ပြေ ချောမွေ့ကြပါစေ။

၁) Start မှ Run ကို ဖွင့်ပါ။
၂) regedit ကို ရိုက်ထည့်ပြီး ဖွင့်လိုက်ပါ။
၃) HKEY_CURRENT_USER မှ Control Panel ကို သွားပါ။
၎) Desktop ကို Select မှတ်ပါ။ ညာဘက်တွင် HungAppTimeout ကို ရှာပြီး Double Click လုပ်ပါ။
၅) Valu Data တွင် 1000 ရိုက်ထည့်ပါ။
၆) ပြီးလျှင် WaitToKillAppTimeout ကိုလဲ အပေါ်နည်းအတိုင်း 1000 ရိုက်ထည့်ပါ။

မြန်ဆန်လာပါလိမ့်မယ်။ ကွန်ပျူတာ သုံးစွဲသူတိုင်း ပျော်ရွှင်ကြပါစေ။

@ဘလော့ခရီးသည်

No comments:

Post a Comment

အဆင်မပြေတာလေးတွေရှိခဲ့ရင် ပြောခဲ့နိုင်ပါတယ်။
သူငယ်ချင်းတို့ ရဲ့ ဝေဖန်မှု့ ဟာ ကျွန်တော်ပြန်လည်မျှဝေရာမှာ
အားဖြစ်စေပါတယ် ။ ။ ။